Wednesday, March 23, 2016


ဗုဒ္ဓသာသနာ​တော်​ကြီး၏ အ​မွေဆက်​ခံခြင်းအတွက်​ ရခိုင်​လူမျိုးတို့သည်​ ရှင်​ပြုအလှူမင်္ဂလာများကို ​ရှေးရိုးစဉ်​လာမပျက်​ ထိမ်းသိမ်း၊ ​စောင့်​​ရှောက်​လာခဲ့ကြသည်​။
မြတ်​သာသနာ​တော်​အတွက်​ ကုသိုလ်​များပွားများနိုင်​ကြပါ​စေ။

ဆောင်းရတုဖွဲ့ မြို့​မြောက်​ဦးရဲ့ မနက်​ခင်း အလင်း​ရောင်​​လေးနဲ့ ​နွေး​ထွေးစွာ ကြိုဆို​နေ​လေရဲ့..
Mrauk-U Kingdom, Buddhist Land Of Arakan(Rakhine State)

Monday, March 7, 2016

သာလီစွ ညဥ့်ချေမှာ... လိုရာဆန္ဒတိ ပြည့်စုံကတ်ပါစီလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါယင့်။
အနတ္တသတ္တဝါအပေါင်းရို့ ဘေးရန်ခပ်သိမ်း ငြိမ်းကတ်ပါစီ။

Mrauk UKingdom , Buddhist Land Of Arakan(Rakhine State)
အာရက္ခ ရို့.... ဖီးကင်းပါစီ။
လိုရာဆန္ဒတိ ပြည့်စုံပါစီ။
အမျိုးသီလ နှစ်ဌာနကို စောင့်ထိမ်းနိုင်ရေ အမျိုးကောင်းသား / သမီး ရို့ဖြစ်ကတ်ပါစီ။

An,Daw Thin Pagoda, Mrauk UKingdom, Buddhist Land Of Arakan(Rakhine State)
ကျွန်နော့ ဆြာ...က သင်ရေ။

မြင်ကွင်းကို စစ်၊
တည်နိန်ရာ ရွီး၊
ဘာကီကို အားမကိုးကေ့၊
အရိုးရှင်းဆုံးပစ္စည်းကို အားကိုး၊
အကောင်းဆုံးထွက်လာဖို့ ဓာတ်ပုံ၊

နောက်ဆုံးတခု မှာထားရေ........

#တစ်ချိန်းတည်းနန့်ရအောင်ရိုက် လတ်/

လေးစားပါရေဆြာ....။
ဂုဏ်ပြုပါရေဆြာ.....။
ယကေလေ့...ဆြာ့တပည့်ချေက ဒေပိုင်ပုံထွက်ဖို့အတွက် ၄ ချိန်း....ရိုက်ခရပါရေ။

ဆြာ....၏ ဓာတ်ပုံအစွမ်းကို လေးစားဂုဏ်ပြုလျှက်.....
                    အဆိုးချေ- Mrauk UKingdom

An-Taw Thin Pagoda,  Mrauk-U Kingdom, Buddhist Land Of Arakan(Rakhine State)

Saturday, March 5, 2016




မြန်​မာနိုင်​ငံရဲ့ လွတ်​လပ်​​ရေး မီးရှူးတန်​​ဆောင်​ ရခိုင့်​အာဇာနည်​ ဆရာ​တော့ အသျှင်​ဦးဥတ္တမ
AD- 1879/1939
Mrauk-U View, Buddhist Land Of Arakan(Rakhine State)
.....ပပြုံးချေ လားပါ့မေ.....
**********************

အသျှင့်အသဲအုံကို....
ငါ..... တက်နင်းခွင့်ကြုံစွာ
ငါ့ကိုယ်ငါ မသထီ။

အသျှင့် နှလုံးသားကို....
ငါ..... ဖိနင်းနိန်ရစွာ
ငါ့ကိုယ်ငါ ငရဲကြီးစီရေ။

အသျှင့်ခန္ဓာကိုယ်ကြီးကို.....
ငါနင်းထားစွာ
ငါတက်ထားစွာ
ငါ့ကိုယ်ငါ လိပ်ပြာမသန့်။

ယေလေ့.....လေ.......
အကျိုးတစ၊ အပဲ့တခု
ပိတ်ပင်းအုံ နွယ်ခြုံအပေါင်းရို့ကို တိုးဝှေ့
ကင်း၊မြွီ သားရဲ စိုးရိမ်မိလည်း
ငါ့ခံယူချက် ငါ့ဗီဇနန့်
ငါ့အရိုးမဆွီးခင် ငါ....ရို့တိမြင်ဖို့
တချင်မပျော်ရလေ့......
ချင်....ဆီရာ..... ........။

ငါ့ ဘဝ အရိုးတိရှိကြောင်း
ငါ့ ဘဝ ရွှေအတိရှိကြောင်း
ငါ့ ဘဝ ဒုက္ခအတိရှိကြောင်း
ငါ့ ဘဝ အမှန်အစစ်တိရှိကြောင်း
ဒေ....ကမ္ဘာကြီးကို တဖေ့ချေဘင်ဖြစ် ဖွင့်လှစ်ပြခရကေ.....

ငါ............. ငရဲကြီးပါစီဖိ
ငါ............. ပိတ္တာဖြစ်စီဖိ
ငါ............. ပြိုလဲပါစီဖိ......
ပပြုံးချေနန့်ရာ..... ..... လားပါမေ။

@မျိုးအတ္တ

Mrauk-U View, Buddhist Land Of Arakan(Rakhine State)

Thursday, March 3, 2016

......အပူဒါဏ်......

မာန်ဟုန်ခံပြင်း
ရာစုတိ အစုစုကြားကတေးသွားတစ
စာမျက်နှာတိခြစား
ရှိစု...မဲ့စုချေကို စုယင်း....

မငိုချင်လေ့ အံကြိတ်
ရင်ဘတ်တဗြင်လုံး သွီးစက်လက်နန့်
မြင်သူတိ ဆို့နှင့်ဖို့
ငါ့ကိုယ်..ငါ မွီးဇပ်ခစွာမဟုတ်။

မမြဲခြင်းသဘောတရားတိထက်...
လူသားမပီသရေ ငရဲဘုံသားတိကြား
ဘဝတိ မီးလောင်တိုက်အသွင်းခံ
ခုထိ... ဆင်းတုတော်တိ ဒုက္ခစရိယ။

ပူလောင်ပါရေ.....
နီဆယ်စင်းပြိုင်ထွက်ဖို့မလို
ငိုသံမရှိ၊ ကြိုင်းသံမရှိ၊ အပြုံး၊ အမုန်းမရှိ
ပဂတိငြိမ်သက်တေ အသျှင့်ပြုံးချပ်တိ
ဆယ်ကမ္ဘာမက ဆက်ရှိနိန်ဖို့ပါ...အသျှင်...။

@မျိုးအတ္တ

Mrauk-U View , Buddhist Land Of Arakan(Rakhine State)

Tuesday, March 1, 2016

မြုံ​တွေအုံဆိုင်း... တိမ်​​တောင်​တန်းနဲ့... ​မြောက်​ဦးမြို့မှ ထုက္ကန့်​သိမ်​ ပုထိုး​တော်​ကြီး၏ အလှ
Mrauk-U Views, Buddhist Land Of Arakan(Rakhine State)